Wednesday, March 18, 2015

စွမ်းဆောင်နှိင်စွမ်းနှင့် ရပိုင်ခွင့်

လူသားတိုင်းဟာ မိမိတို့၏ဘဝတန်ဖိုးကို မြှင့်တင်နိုင်အတွက် အလုပ်ကို နေ့စဉ် လုပ်ကိုင်နေကြရပါတယ် .....
တခါတရံ မှာ မိမိ လုပ်ကိုင်နေတဲ့စွမ်းဆောင်ရည်ထက်ပိုတဲ့ ရပိုင်ခွင့်ကို ခံစားရပြီး၊ တခါတရံမှာ တော့ ကိုကြိုးစားလုပ်သလောက် အကြိုးပြန်မခံစားရပါဘူး.....ဥပမာ တချို့ဆိုနေပူအောက်မှာ ပြေးလွှားလုပ်ကိုင်ပြီစေတနာ ထားလုပ်ပေးပေမယ့် ရရှိလာတဲ့ခံစားခွင့်ကတော့ နေရိပ်ထဲက စားပွဲပေါ်ကလူတွေနဲ့အတူတူပါပဲ....
ဒါမျိုးဖြစ်နေတဲ့ လုပ်ငန်းခွင်တစ်ခု၊သို့မဟုတ် ကုပ္မဏီတခုဆို မကြာခင်မှာ မိမိအနေနဲ့ ကြိုးစားလိုစိတ်တဖြေးဖြေး ကုန်ဆုံးလာတက်ပါတယ်.........
လုပ်ငန်းရှင်တယောက်အနေနဲ့လည်း မိမိရဲ့အားကိုးရတဲ့ဝန်ထမ်းတစ်ယောက်ဆုံးရှုံးရတော့မှာပါ....
ဒါဟာအလုပ်တိုင်းမှာ သတိမထားမိတဲ့ အချက်တစ်ချက်ပါပဲ....ဟုတ်ပါတယ် ဝန်ထမ်းကောင်းတစ်ယောက် ဆုံးရှုံးရခြင်း၊ အလုပ်အားလုပ်ကိုင်ချင်စိတ်ပျောက် ပြီးကြိုးစားချင်စိတ် ကုန်ခန်းသွားတက်ကြပါတယ်....
  
ဒါဟာ တကယ်တော့ စွမ်းဆောင်နိုင်စွမ်းနှင့် ရပိုင်ခွင့်အချိုးမကြခြင်းကြောင့်သာ ဖြစ်ကြောင်း လုပ်ငန်းရှင်များသိသင့် ပါတယ်....
ဝန်ထမ်းတစ်ယောက်အနေနဲ့လည်း ကိုယ့်ရဲ့အရည်အချင်းနဲ့ထိုက်တန်သော ခံစားခွင့်ကို မရနိုင်ဘူးဆိုရင် ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်တော်ပါဘူး.....
မိမိရဲ့ ကိုယ်ပိုင် အရည်အချင်း နိမ့်ကျသွားနိုင်ပါတယ်....

တကယ့် အောင်မြင်မှုရရှိနေသော ကုပ္မဏီ အတော်များများတွင် ထိုက်တန်သောခံစားခွင့်အပြည့်အဝရရှိထား
သောဝန်ထမ်းများနှင့်သာ ဖွဲ့စည်းထားကြောင်းလေ့လာကြည့်ရင်သိနိုင်ပါတယ်......
မှတ်ချက်။     ။
အောင်မြင်မှုရရှိသော လုပ်ငန်းခွင်တစ်ခု တည်ဆောက်မှု တွင်အရေးပါသော အချက်တစ်ချက်ကို သတိပြုမိရန်သာ ရည်ရွယ်ပါသည်။

               လေးစားစွာဖြင့်
                                    အောင်မျိုးထိုက်

No comments:

Post a Comment