Wednesday, March 18, 2015

စွမ်းဆောင်နှိင်စွမ်းနှင့် ရပိုင်ခွင့်

လူသားတိုင်းဟာ မိမိတို့၏ဘဝတန်ဖိုးကို မြှင့်တင်နိုင်အတွက် အလုပ်ကို နေ့စဉ် လုပ်ကိုင်နေကြရပါတယ် .....
တခါတရံ မှာ မိမိ လုပ်ကိုင်နေတဲ့စွမ်းဆောင်ရည်ထက်ပိုတဲ့ ရပိုင်ခွင့်ကို ခံစားရပြီး၊ တခါတရံမှာ တော့ ကိုကြိုးစားလုပ်သလောက် အကြိုးပြန်မခံစားရပါဘူး.....ဥပမာ တချို့ဆိုနေပူအောက်မှာ ပြေးလွှားလုပ်ကိုင်ပြီစေတနာ ထားလုပ်ပေးပေမယ့် ရရှိလာတဲ့ခံစားခွင့်ကတော့ နေရိပ်ထဲက စားပွဲပေါ်ကလူတွေနဲ့အတူတူပါပဲ....
ဒါမျိုးဖြစ်နေတဲ့ လုပ်ငန်းခွင်တစ်ခု၊သို့မဟုတ် ကုပ္မဏီတခုဆို မကြာခင်မှာ မိမိအနေနဲ့ ကြိုးစားလိုစိတ်တဖြေးဖြေး ကုန်ဆုံးလာတက်ပါတယ်.........
လုပ်ငန်းရှင်တယောက်အနေနဲ့လည်း မိမိရဲ့အားကိုးရတဲ့ဝန်ထမ်းတစ်ယောက်ဆုံးရှုံးရတော့မှာပါ....
ဒါဟာအလုပ်တိုင်းမှာ သတိမထားမိတဲ့ အချက်တစ်ချက်ပါပဲ....ဟုတ်ပါတယ် ဝန်ထမ်းကောင်းတစ်ယောက် ဆုံးရှုံးရခြင်း၊ အလုပ်အားလုပ်ကိုင်ချင်စိတ်ပျောက် ပြီးကြိုးစားချင်စိတ် ကုန်ခန်းသွားတက်ကြပါတယ်....
  
ဒါဟာ တကယ်တော့ စွမ်းဆောင်နိုင်စွမ်းနှင့် ရပိုင်ခွင့်အချိုးမကြခြင်းကြောင့်သာ ဖြစ်ကြောင်း လုပ်ငန်းရှင်များသိသင့် ပါတယ်....
ဝန်ထမ်းတစ်ယောက်အနေနဲ့လည်း ကိုယ့်ရဲ့အရည်အချင်းနဲ့ထိုက်တန်သော ခံစားခွင့်ကို မရနိုင်ဘူးဆိုရင် ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်တော်ပါဘူး.....
မိမိရဲ့ ကိုယ်ပိုင် အရည်အချင်း နိမ့်ကျသွားနိုင်ပါတယ်....

တကယ့် အောင်မြင်မှုရရှိနေသော ကုပ္မဏီ အတော်များများတွင် ထိုက်တန်သောခံစားခွင့်အပြည့်အဝရရှိထား
သောဝန်ထမ်းများနှင့်သာ ဖွဲ့စည်းထားကြောင်းလေ့လာကြည့်ရင်သိနိုင်ပါတယ်......
မှတ်ချက်။     ။
အောင်မြင်မှုရရှိသော လုပ်ငန်းခွင်တစ်ခု တည်ဆောက်မှု တွင်အရေးပါသော အချက်တစ်ချက်ကို သတိပြုမိရန်သာ ရည်ရွယ်ပါသည်။

               လေးစားစွာဖြင့်
                                    အောင်မျိုးထိုက်

Tuesday, March 17, 2015

အောင်မြင်မှု အတွက်

အောင်မြင်သူနဲ့ကျရှုံးသူရဲ့ ကွဲပြားချက်
=========================
(၁) အောင်မြင်သူက ကိုယ့်ကိုယ်
အရင်ပြောင်းလဲဖို့သိတယ်။
ကျရှုံးသူက လောကကြီးကိုပဲ
ပြောင်းလဲချင်ခဲ့တယ်။

(၂) အောင်မြင်သူက အောင်မြင်ဖို့ နည်းလမ်းရှာတယ်။
ကျရှုံးသူက ကျရှုံးမှုအတွက် ဆင်ခြေရှာတယ်။

(၃) အောင်မြင်သူက အခက်အခဲတစ်ခါကြုံတိုင်း အခွင့်အရေးတစ်ခုကိုတွေ့တယ်။
ကျရှုံးသူက အခွင့်အရေးတိုင်းမှာ အခက်အခဲကို အရင်တွေ့တယ်။

(၄)အောင်မြင်သူက ဒုက္ခအခက်အခဲကြုံချိန် တခြားသူ လက်လျော့နောက်ဆုတ်သွားသည့်တိုင် ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ကို
အရောက်လှမ်းဖို့ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်တယ်။
ကျရှုံးသူက ဒုက္ခအခက်အခဲမရှိလည်း ဦးတည်ရာပျောက်နေသူဖြစတယ်။

(၅)အောင်မြင်သူက လောကကြီးမှာ မျှော်လင့်ချက်ကင်းစေတဲ့အရာဆိုတာ မရှိဘဲ မျှော်လင့်ချက်မဲ့တဲ့လူပဲ ရှိတယ်ဆိုတာကို သိသူဖြစ်တယ်။
ကျရှုံးသူက အရာတိုင်းကို မျှော်လင့်ချက်မဲ့နေသူဖြစ်တယ်။

(၆)အောင်မြင်သူက တစ်ပါးသူရဲ့ရှုထောင့်ကနေ ကိစ္စရပ်ကိုကြည့်တယ်။ တစ်ပါးသူရဲ့ ခံစားချက်ကို
နားလည်အောင်လုပ်တယ်။
ကျရှုံးသူက ကိုယ်ကျိုးအတွက်ပဲ စိုးရိမ်ပူပန်တတ်သူဖြစ်တယ်။

(၇) အောင်မြင်သူက အကျင့်သီလကို ပထမ၊ ကြွယ်ဝချမ်းသာမှုကို
ဒုတိယနေရာထားသူဖြစ်တယ်။
ကျရှုံးသူက ဆန့်ကျင်စွာနဲ့ ကြွယ်ဝချမ်းသာမှုနောက်လိုက်ပြီး အကျင့်သီလကို နောက်ချန်ထားသူဖြစ်တယ်။

(၈)အောင်မြင်သူ အောင်မြင်ရခြင်းက ကိုယ်အောင်မြင်မယ်ဆိုတာကို ယုံကြည်ထားလို့ဖြစ်တယ်။
ကျရှုံးသူ ရှုံးနိမ့်ရခြင်းက
ကိုယ်အောင်မြင်မယ်လို့ မယုံကြည်ရဲသူဖြစ်တယ်။

(၉)အောင်မြင်သူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုသင်ယူစရာ၊ လုပ်စရာတွေနဲ့ သိမ်းကျုံးလုပ်နေတတ်တယ်။
ကျရှုံးသူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါ သက်ပြင်းအခါခါချပြီး
အဲဒီခံစားချက်ထဲမှာပဲ ရုန်းမရအောင် နစ်ဝင်နေတတ်တယ်။

(၁ဝ) အောင်မြင်သူက လုပ်စရာရှိတာကို ချက်ချင်းထလုပ်တတ်သူဖြစ်တယ်။
ကျရှုံးသူက လွယ်ကူတဲ့ကိစ္စကိုတောင်
အချိန်ဆွဲပြီး လုပ်တတ်သူဖြစ်တယ်။

(၁၁)အောင်မြင်သူက ကိုယ့်ထက်တော်သူ၊ ထက်မြက်သူကို လေးစားအားကျပြီး သူတို့ရဲ့ကောင်းကွက်ကို
ကြိုးစားသင်ယူလေ့ရှိတယ်။
ကျရှုံးသူက ကိုယ့်ထက်တော်သူ၊ ထက်မြက်သူကို မနာလိုမုန်းတီးပြီး သူတို့ရဲ့ဆိုးကွက်ကိုပဲ ရှာနေတတ်တယ်။

(၁၂)အောင်မြင်သူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေက ပြင်ပလောက,က လာတာဖြစ်တယ်။
ကျရှုံးသူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေက သူတို့အတွင်းစိတ်ထဲက လာတာဖြစ်တယ်။

(၁၃) အောင်မြင်သူက အမြင့်ကိုတက်လှမ်းနိုင်ဖို့ အာသီသပြင်းထန်တယ်။
ကျရှုံးသူက ကြံ့ကြံ့ခံနိုင်ဖို့
အာသီသမရှိဘူး။

(၁၄) အောင်မြင်သူအတွက် အဖိုးတန်ဆုံးအရင်းအနှီးက မျှော်လင့်ချက်ဖြစ်တယ်။
ကျရှုံးသူအတွက်
အကြီးမားဆုံးမွဲတေမှုက မျှော်လင့်ချက်မဲ့တာပဲဖြစ်တယ်။

(၁၅) အောင်မြင်သူက အခွင့်အရေးကို ဖန်တီးတယ်။
ကျရှုံးသူက အခွင့်အရေးကို
စောင့်တယ်။

(၁၆) အောင်မြင်သူက ယုံကြည်မှုတွေကို မပြတ်မွေးမြူတယ်။
ကျရှုံးသူက ယုံကြည်မှုဆိုတာ
မွေးရာပါဗီဇလို့ ယုံသူဖြစ်တယ်။

(၁၇)အောင်မြင်သူက ရှည်လျားတဲ့လမ်းတွေကို တစ်လမ်းချင်းနဲ့ အဆုံးထိ လျှောက်နိုင်မယ်ဆိုတာကို
ယုံကြည်ထားသူဖြစ်တယ်။
ကျရှုံးသူက တိုတောင်းတဲ့လမ်းဖြစ်လည်း ရှေ့ခြေတစ်လှမ်းမတိုးရင် အဆုံးထိလျှောက်နိုင်မှာ
မဟုတ်ဘူးဆိုတာကို မသိသူဖြစ်တယ်။

(၁၈) အောင်မြင်သူက အလုပ်မလုပ်ခင် အရင်တွေးတောကြံစည်တယ်။
ကျရှုံးသူက အလုပ်မလုပ်ခင် တွေဝေပြီး
အလုပ်ပြီးချိန် နောင်တရတတ်သူဖြစ်တယ်။

(၁၉) အောင်မြင်သူက ခရီးလမ်းမှာ တစ်ခါတရံရပ်နားပြီး အနားယူလေ့ရှိတယ်။
ကျရှုံးသူက မကြာခဏရပ်နားပြီး
တောင်တောင်မြောက်မြောက် ငေးတတ်သူဖြစ်တယ်။

(၂ဝ) အောင်မြင်သူက နေရာတစ်ခုတည်းမှာ နှစ်ကြိမ်လဲမကျဘူး။
ကျရှုံးသူက တစ်နေရာမှာ
လဲကျပြီးနောက် ပြန်မထတော့ဘူး။

(၂၁) အောင်မြင်သူက လျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်တတ်တယ်။
ကျရှုံးသူက လျှောက်ခဲ့တဲ့လမ်းကို
ပြန်လျှောက်တတ်တယ